ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းဆိုသည်မှာ …

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း (VDP) သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက စတင်အကောင်အထည်ဖော်နေသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ လူထုဗဟိုပြုကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ် အကောင်အထည်ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး ၂၀၁၅ခုနှစ် အစောပိုင်းကာလက စတင်အကောင်အထည်ဖော်နေခြင်း ဖြစ်ပါသည်။ မိမိတို့နေထိုင်သော ကျေးရွာများဖွံ့ဖြိုးလာစေရေး အလေးပေးလုပ်ဆောင်ရွက်လိုအပ်သည့် ဖွံ့ဖြိုးရေးလိုအပ်ချက်များကို လူထုကိုယ်တိုင်ပါဝင်ကာ စမ်းစစ်ဖော်ထုတ်ပြီး လိုအပ်သောရန်ပုံငွေများရှာဖွေ၍ အကောင်အထည်ဖော်ဆောင်ရွက်တတ်သောအလေ့အထများ ပိုမိုအားကောင်းလာစေရန်လည်း ရည်ရွယ်ပါသည်။

ဆက်လက်ဖတ်ရှုရန်...

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဖွင့်လှစ်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းသင်တန်းအမှတ်စဉ် (၅/၂၀၁၇)ကို UNOPS/LIFT-Fund မှ Development Planner နှင့် ကျေးလက်ဦးစီးမှ ဝန်ထမ်းများပူးပေါင်း၍ ကျေးရွာ(၁၀)ရွာမှ ကျေးရွာဒေသခံစီမံကိန်းရေးဆွဲသူ ကိုယ်စားလှယ် (၂၀)ဦးအား (၁၄-၁၁-၂၀၁၇)ရက်နေ့မှ (၁၅-၁၁-၂၀၁၇)ရက်နေ့အထိ သင်တန်းပို့ချလျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အဇန်းတောစွန်းကျေးရွာအုပ်စု၊ သဲကုန်းကြီးကျေးရွာ၌ ဖွင့်လှစ်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းသင်တန်းအမှတ်စဉ် (၅/၂၀၁၇)ကို UNOPS/LIFT-Fund မှ Development Planner နှင့် ကျေးလက်ဦးစီးမှ ဝန်ထမ်းများပူးပေါင်း၍ ကျေးရွာ(၂၂)ရွာမှ ကျေးရွာဒေသခံစီမံကိန်းရေးဆွဲသူ ကိုယ်စားလှယ် (၄၄)ဦးအား (၁၆-၁၁-၂၀၁၇)ရက်နေ့မှ (၁၇-၁၁-၂၀၁၇)ရက်နေ့အထိ သင်တန်းပို့ချလျက်ရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ၌ ဖွင့်လှစ်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းသင်တန်းအမှတ်စဉ် (၈/၂၀၁၇)ကို UNOPS/LIFT-Fund မှ Development Planner နှင့် ကျေးလက်ဦးစီးမှ ဝန်ထမ်းများပူးပေါင်း၍ ကျေးရွာ(၁၂)ရွာမှ ကျေးရွာဒေသခံစီမံကိန်းရေးဆွဲသူ ကိုယ်စားလှယ် (၂၄)ဦးအား (၁၅-၁၁-၂၀၁၇)ရက်နေ့မှ (၁၆-၁၁-၂၀၁၇)ရက်နေ့အထိ သင်တန်းပို့ချလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းသင်တန်းအမှတ်စဉ် (၂/၂၀၁၇)ကို ကျေးလက်ဦးစီးမှ ဝန်ထမ်းများနှင့် UNOPS/LIFT-Fund မှ Development Planner ပူးပေါင်း၍ (၁၄-၁၁-၂၀၁၇)ရက်နေ့၌ ကျေးရွာ (၁၅)ရွာမှ ကျေးရွာဒေသခံစီမံကိန်းရေးဆွဲသူကိုယ်စားလှယ်(၃၀)ဦးအား သင်တန်းပို့ချလျက်ရှိပါသည်။ ၎င်းသင်တန်းတွင် သရက်ခရိုင်ဦးစီးမှူး ဦးအောင်ကြီးမှ သင်တန်းဖွင့်လှစ်နေမှုအား ကွင်းဆင်းလေ့လာခဲ့ပြီး သင်တန်းနည်းပြ၊ သင်တန်းသား/သူများနှင့် တွေ့ဆုံကာ စီမံကိန်းအောင်မြင်စွာရေးဆွဲနိုင်ရေးသည် ကျေးရွာသူ/သားအားလုံးမှ စည်းလုံးညီညွတ်စွာဆောင်ရွက်မှုသည် အရေးကြီးဆုံးဖြစ်သဖြင့် ကြိုးစားသင်ယူကြရန် မှာ

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ရှမ်းစုကျေးရွာ၌ ဖွင့်လှစ်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းသင်တန်းအမှတ်စဉ် (၄/၂၀၁၇)ကို ကျေးရွာအုပ်စု (၁၁)အုပ်စု၊ ကျေးရွာ(၂၂)ရွာမှ ကျေးရွာဒေသခံစီမံကိန်းရေးဆွဲသူ ကိုယ်စားလှယ်(၄၄)ဦးအား (၁၄-၁၀-၂၀၁၇)ရက်နေ့တွင် သင်တန်းပို့ချလျက်ရှိပါသည်။

Subscribe to Village Development Planning (VDP) RSS