ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

 

နိဒါန်း

၂၀၁၄ ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့သည့် ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်(RDSF)နှင့်အညီ ရေးဆွဲခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏ ဘက်စုံစွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်(၂၀၁၄-၂၀၁၈)(Comprehensive Capacity Development Plan-2014-2018)ပါ လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား ၂၀၁၅ ခုနှစ်မှစတင်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်၏ ရန်ပုံငွေလျာထားမှုဆိုင်ရာမူဝါဒတွင် Top-down Budgeting and Bottom-up Planning စနစ်အား လက်တွေ့ကျင့်သုံးဆောင်ရွက်လျက်ရှိရာ ပြည်သူ လူထုပူးပေါင်းပါဝင်ဆောင်ရွက်သည့် Bottom-up Planning Process အား အလွှာအသီးသီး၌ လည်ပတ်ဆောင်ရွက် နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာစနစ်များ ထူထောင် ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါသည်။ ယင်းလိုအပ်ချက်ဖြစ်သည့် Bottom-up Planning and Budgeting Process အား အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်းရည်ရွယ်ချက်

(၁) ကျေးလက်ပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဉီးစားပေး အစီအစဉ်အလိုက် စီမံချက်များရေးဆွဲဖော်ထုတ်နိုင်စေရန်၊

(၂) ကျေးရွာများ၏ ဉီးစားပေးစီမံချက်များအပေါ် အခြေခံ၍နှစ်စဉ် ရန်ပုံငွေများလျာထားပြီး စီမံချက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊

(၃) ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်များအား မြို့နယ်အဆင့် ဉီးစီးဌာနအသီးသီး၏ ဖွံ့ဖြိုး ရေးအစီအစဉ်များ နှင့် ချိတ်ဆက်နိုင်စေရန်၊

စီမံကိန်းအစိတ်အပိုင်းများ

(၁) ကျေးရွာ၏ ကဏ္ဍအသီးသီး၏ လက်ရှိအခြေအနေအား ဆန်းစစ်ခြင်း/သုံးသပ်ခြင်း

(၂) လိုအပ်သောဉီးစားပေးလုပ်ငန်းများအားသတ်မှတ်ခြင်း

(၃) အစီအစဉ်ရေးဆွဲခြင်း နှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

(၄) ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များအား မြို့နယ်ဖွံ့ဖြိုးရေးအစီအစဉ်များနှင့်ချိတ်ဆက်ပေါင်းစပ်ထည့်သွင်းခြင်း

(၅) ဖွံ့ဖြိုးရေးရလဒ်များအားစောင့်ကြည့်စစ်ဆေးခြင်း နှင့် အစီရင်ခံတင်ပြခြင်း

စီမံကိန်းအကြောင်း

စီမံကိန်းကျေးရွာရွေးချယ်ခြင်း

၁။   ကျေးရွာများရွေးချယ်ရာတွင် အခြေခံရမည့်မူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) ဦးစီးဌာနရန်ပုံငွေအပြင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ ရန်ပုံငွေနှင့် ကျေးရွာမှထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ဆောင်ရွက်လိုသည့် ကျေးရွာများ၊

(ခ)  လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့မှုနှင့်နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှုရှိသည့်ကျေးရွာများ၊

(ဂ)  ရွာသူရွာသားများ၏ စိတ်ပါဝင်စားမှု၊ စည်းလုံးမှု၊ စိတ်အားထက်သန်မှုရှိသော ကျေးရွာများ၊

(ဃ) ဖွံ့ဖြိုးရေးအမှန်တကယ်ဆောင်ရွက်ရန် လိုအပ်သည့်ကျေးရွာများ၊

(င)  မိမိမြို့နယ်အတွင်း အကျိုးခံစားရမည့် အိမ်ထောင်စုများသော ကျေးရွာများ။

၂။   သို့ရာတွင် အထက်ဖော်ပြပါစံနှုန်းတစ်ခုခုနှင့် ကိုက်ညီမှုမရှိသော်လည်း နိုင်ငံတော်အကြီးအကဲ၊ ပြည်ထောင်စုဝန်ကြီးရုံးအကြီးအကဲများ၏ ခရီးစဉ်လမ်းညွှန်ချက်နှင့်အထူးစီမံကိန်းများ(ဉပမာ− SMART VILLAGE)ဖြစ်မည်ဆိုပါက ချွင်းချက်အဖြစ်ဆောင်ရွက်ခွင့်ပြုနိုင်သည်။

၃။   ထို့အပြင် အထူးစီမံကိန်းများတွင် လုပ်ငန်းလိုအပ်ချက်ရှိခဲ့ပါက လက်ရှိဘဏ္ဍာရေးနှစ်နှင့် ပြီးခဲ့သော ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်ခဲ့သော ကျေးရွာကို ဦးစီးဌာန(ရုံးချုပ်)၏ ခွင့်ပြုချက်ဖြင့် ထပ်မံရွေးချယ်ဆောင်ရွက်နိုင်သည်။ ချွင်းချက်အဖြစ် စီမံကိန်းကျေးရွာတစ်ရွာလျှင် အများဆုံး(၂)ကြိမ်သာ ဆောင်ရွက်ခွင့်ပြုရမည်။

အကျိုးကျေးဇူးများ

၁။    ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရေးဆွဲခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

(က)  ​ကျေးရွာ၏သတင်းအချက်အလက်များ စုစည်းခြင်းနှင့် အချက်အလက်များအပေါ်မူတည်၍ ကျေးရွာ၏အခြေအနေအမှန်ကို သိရှိစေနိုင်ခြင်း၊

(ခ)  ​ကျေးရွာလူထုနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ ဖြစ်ပေါ်လာသည့် အခက်အခဲများကို အတူတကွ လက်တွဲပူးပေါင်း အဖြေရှာတတ်လာခြင်းနှင့် အဖွဲ့အစည်းစနစ်ဖြင့် ဆောင်ရွက်တတ်လာခြင်း၊

​(ဂ)  ကျေးလက်နေပြည်သူလူထုမှ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှုအားကောင်းလာစေခြင်း၊

(ဃ) ကျေးရွာ၏ အခွင့်အလမ်း စိန်ခေါ်မှုများကို နည်းဗျူဟာနှင့် ဖြေရှင်းနည်းများ အသုံးပြု၍ အခက်အခဲများကိုဖြေရှင်းနိုင်ပြီး ကျေးရွာ၏ အဓိကဦးစားပေးစီမံချက်များရေးဆွဲနိုင်စေခြင်း၊

(င)  ကျေးရွာဖွံ့ဖြိုးရေး အကူအညီများရှာဖွေရာတွင် လက်တွဲလိုသည့် ပြင်ပအဖွဲ့အစည်းများအား ကျေးရွာဖွံ့ဖြိုးရေးစာအုပ်ဖြင့် ကျေးရွာ၏လက်ရှိအနေအထားကိုစုံလင်စွာ ပြောပြနိုင်စေခြင်း၊

(စ)  ကျေးရွာဖွံ့ဖြိုးရေးစာအုပ်ဖြင့် ကျေးရွာ၏အကြောင်းကို စုံလင်စွာပြောပြနိုင်စေခြင်း၊

(ဆ) ကျေးရွာဖွံ့ဖြိုးရေးစာအုပ်အားအခြေခံ၍ မြို့နယ်အဆင့်အဖွဲ့အစည်းများက အဓ်ကလိုအပ်ချက်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ ဆောင်ရွက်လာနိုင်ရုံသာမက ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်လည်း ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုများကို ကျေးရွာများအတွက် တိုးတက်ဆောင်ရွက်လာနိုင်ခြင်း၊​​​​​​​​​​​​​​

(ဇ)  အမျိုးသမီးများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမြင့်မားလာပြီး ကျား/မ တန်းတူညီမျှပါဝင်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေခြင်း၊

၁။   ကျေးရွာ​ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၅−၂၀၁၆ခု၊ဘဏ္ဍာရေးနှစ်မှ ၂၀၂၂−၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်(၁၇)ခုရှိ မြို့နယ် (၂၈၅)မြို့နယ်မှ ကျေးရွာပေါင်း(၁၅၆၈၁)ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၁၇၁၀၁)ခုကို နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၅၄၂၆၀)သန်း၊ပြည်သူထည့်ဝင်ငွေကျပ်(၄၃၈၆၂.၁၉၆)သန်း၊ လွှတ်တော်ရန်ပုံငွေကျပ်(၇၈.၆၉၀)သန်း၊ တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေကျပ် (၂၀)သန်း၊ မြစိမ်းရောင်အတိုးရငွေကျပ်(၉၁.၅၁၇)သန်း၊ စုစုပေါင်း ငွေကျပ်(၁၉၈၃၁၂.၄၀၃)သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

၂။   ၂၀၁၅−၂၀၁၆ခု၊ဘဏ္ဍာရေးနှစ်မှ ၂၀၂၂−၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်(၁၇)ခုတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ်            လုပ်ငန်းအမျိုးအစား ​အရေအတွက်
လမ်း/တံတား ၁၁၈၈၇
​ရေပေးရေး ၁၈၅၈
မီးလင်းရေး ၉၄၇
ပညာရေး ၆၈၇
ကျန်းမာရေး ၇၈
ဘက်စုံသုံးခန်းမ ၁၀၅၇
စာကြည့်တိုက် ၄၉
အခြား ၅၃၈
  စုစုပေါင်း ၁၇၁၀၁

 

စီမံကိန်းခေါင်းစဉ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း
ထောက်ပံ့သည့်အဖွဲ့အစည်း နိုင်ငံတော်ထောက်ပံ့ငွေ
ထောက်ပံ့သည့်ပမာဏ (၂၀၁၅−၂၀၁၆ခု၊ဘဏ္ဍာရေးနှစ်မှ ၂၀၁၆−၂၀၁၇ခု၊ဘဏ္ဍာရေးနှစ်)အထိ ကျပ်(၅)သန်း၊ (၂၀၁၇−၂၀၁၈ ခု၊ဘဏ္ဍာရေးနှစ်မှ၂၀၂၂−၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်)ထိ ကျပ်(၁၀)သန်း၊၂၀၂၃−၂၀၂၄ခု၊ဘဏ္ဍာရေးနှစ်မှစ၍ကျပ်(၁၅)သန်း
ကာလ (၂၀၁၅-၂၀၁၆)ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်စဉ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်
ဆောင်ရွက်သည့်နေရာ/ အကောင်ထည့်ဖော်ဆောင်ရွက်သည့်နေရာ

တိုင်းဒေသကြီး/ပြည်နယ်အားလုံးရှိ မြို့နယ်ပေါင်း (၂၈၅)မြို့နယ်၊စီမံချက်ရေးဆွဲသည့် ကျေးရွာပေါင်း(၁၉၄၁၁)ရွာ

ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာပေါင်း(၁၅၆၈၁)ရွာ(၂၀၁၅-၂၀၁၆ခု၊ဘဏ္ဍာရေးနှစ်မှ၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်ထိ)

ရည်ရွယ်ချက်

(၁) ကျေးလက်ပြည်သူများကိုယ်တိုင် ကျေးရွာ ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဉီးစားပေး အစီအစဉ်အလိုက်စီမံချက်များရေးဆွဲ ဖော်ထုတ်နိုင် စေရန်၊

(၂)ကျေးရွာများ၏ ဉီးစားပေးစီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများလျာထားပြီး စီမံချက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင် စေရန်၊

(၃)ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်များ အား မြို့နယ်အဆင့် ဉီးစီးဌာနအသီးသီး၏ ဖွံ့ဖြိုး ရေးအစီအစဉ်များ နှင့် ချိတ်ဆက်နိုင်စေရန်၊

အကျိုးကျေးဇူးရရှိသူများ စီမံကိန်းကျေးရွာရှိ ကျေးလက်နေပြည်သူများအားလုံး
ချဉ်းကပ်သည့်ပုံစံ ​ကျေးရွာလူထု၏လူမှု့စီးပွားဘဝအခြေအနေကို ဆန်းစစ်ခြင်းနည်းလမ်း
လုပ်ဆောင်ချက်များ ဉီးစားပေးစီမံချက်များ ရေးဆွဲဖော်ထုတ်ခြင်း နှင့် လိုအပ်သော အခြေခံအဆောက်အဉီဆိုင်ရာများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း (လမ်း/ တံတား/ ရေ/မီး/ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ/ လူထုဖွံ့ဖြိုးရေးစင်တာ
အကျိုးကျေးဇူး/ရလာဒ်

(၁)ကျေးရွာသူ/သားများသည် မိမိကျေးရွာ ဖွံ့ဖြိုး ရေးအတွက် လိုအပ်ချက်များကို ဖော်ထုတ်လာ နိုင်ခြင်း၊

(၂) နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာလူထုမှ အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ဆောင်မှုများ ရယူသုံးစွဲနိုင်လာခြင်း၊

(၃) ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ပါ ဉီးစားပေး လုပ်ငန်းများအား မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်း များတွင် ပေါင်းစပ်ထည့်သွင်းနိုင်ခြင်း၊

(၄)ကျေးရွာသူ/သားများနှင့် ကျေးလက်ဉီးစီး ဝန်ထမ်းများ၏ လူထုပူးပေါင်းပါဝင်သည့် စီမံကိန်း ရေးဆွဲခြင်း စွမ်းဆောင်ရည်မြှင့်မားလာခြင်း၊

(၅)ဒေသခံများနှင့် အလွှာအသီးသီးရှိ ဌာန ဆိုင်ရာများ အချင်းချင်းနှင့် အကြား ပူးပေါင်း ဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုဆိုင်ရာ စနစ်တစ်ခု လက်တွေ့ဖြစ်တည်လာခြင်း။ 
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လိပ်စာ ရုံးအမှတ်(၃၆)(ခ)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန