ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ရွာငံမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း

Date : 25 March 2024

သမယဝါမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ကျေးလက်ဒေသ‌ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေနေများကို မတ်လ ၉ ရက်နေ့ မနက်ပိုင်းက တာဝန်ရှိသူများသည် မြိုင်ကျေးရွာအုပ်စု၊ဖြူ‌ေချာင်ကျေးရွာမှကွင်းဆင်းစစ်ဆေးပါတယ်အဲ့လိုကွင်းဆင်းစစ်ဆေးရာတွင်ရွာငံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်၊စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း(၁၅၀) ပြည်သူထည့်ဝင်ငွေကျပ်(၂၃) သိန်း စုစုပေါင်းရန်ပုံငွေ ကျပ် (၁၇၃)သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာမှလည်း လမ်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းပြုပြင်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။