ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

တောင်ကြီးမြို့နယ်မြောက်ဘုရားဖြူကျေးရွာ၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုစစ်ဆေး

Date : 25 March 2024

တောင်ကြီးမြို့နယ်၊  မြောက်ဘုရားဖြူ ကျေးရွာ၌ VDPစီမံကိန်းဖြင့် ‌ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ပြီးစီးမှု စစ်ဆေး

===============================

တောင်ကြီး  မတ်လ  ၃ ရက်

========================

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ရှမ်းပြည်နယ် (တောင်ပိုင်း) ၊တောင်ကြီးခရိုင်  ၊တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက်‌ပြီးစီးမှု အခြေအနေများကို ယနေ့နံံနက်ပိုင်းက မြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများမှ ဖာမွန်းကျေးရွာအုပ်စု၊  မြောက်ဘုရားဖြူကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။


‌ထိုသို့ကွင်းဆင်းစစ်ဆေးရာ တောင်ကြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်နိုင်ဝင်း၊ စီမံကိန်းတာဝန်ခံ နှင့် အင်ဂျင်နီယာ ဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များ နှင့်အတူ  မြောက်ဘုရားဖြူ  ကျေးရွာတွင်   အရှည် ၉၀၀ပေ၊အကျယ် ၁၂ပေ၊ ထု ၇လက်မရှိ ရွာတွင်းလမ်း  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုကြည့်ရှု့စစ်ဆေးပြီးမြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။


အဆိုပါ‌ ဖွံ့ဖြိုးရေးလုပ်ငန်းကို  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် (၁၅)သန်း၊ပြည်သူ ထည့်ဝင်ငွေ ကျပ် (၉ဒသမ ၂)သန်းကို အသုံးပြုကာ  တောင်ကြီး ခရိုင်/မြို့နယ် ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တတိယ အပတ်မှ စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်‌ သောကြောင့် ဘုရားဖြူမြောက်ကျေးရွာရှိ  ကျေးလက်နေ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ လွယ်ကူပြီး လူမှု စီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်လာ‌မည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။


မောင်ခိုင်
၉/ပဘန(နိူင်)၁၆၃၀၄၈
ဦးစီးအရာရှိ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
တောင်ကြီးမြို့
၀၉၂၅၀၆၉၇၇၈၉
၀၉၇၉၇၉၁၁၉၄၈
maungkhaingdrd@gmail.com