ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကွန်ဟိန်းမြို့နယ်နားကျိုင်းကျေးရွာ၌ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုစစ်ဆေး

Date : 25 March 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်ကွန်ဟိန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ကျိုင်းလွန်းကျေးရွာအုပ်စုနားကျိုင်းကျေးရွာ၌ကျေးလက်ရေရှိရရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကိုယနေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်ကွန်ဟိန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးအောင်ကျော်ဟိန်းနှင့်ဝန်ထမ်းများကနားကျိုင်းကျေးရွာ၌ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကိုကြည့်ရှုစစ်ဆေးပြီးမြို့နယ်ဦးစီးမှူးကကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ကျေးရွာသူ၊ကျေးရွာသားများနှင့်တွေ့ဆုံကာဆောင်ရွက်ပြီးလုပ်ငန်းများရေရှည်တည်တံ့အောင်ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားသည်။

နားကျိုင်းကျေးရွာ၌အရှည်ပေ၄၀၀၀ရှိစိမ့်စမ်းရေသွယ်ယူခြင်း,ဂါလံ၅၀၀၀ဆံ့အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများကိုကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့်ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်၂၀၂၃ခုနှစ်ဩဂုတ်လစတုတ္ထပတ်ကစတင်ဆောင်ရွက်ခဲ့ရာယခုအခါလုပ်ငန်းများအားလုံးရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အဆိုပါရေရရှိရေးလုပ်ငန်းများပြီးစီးမှုကြောင့်နားကျိုင်းကျေးရွာရှိအိမ်ခြေ၄၄အိမ်၊လူ၂၀၅ဦးနှင့်ကျွဲ၊နွား၊တိရစ္ဆာန်များပါသန့်ရှင်းသောသောက်သုံးရေများရာသီမရွေးဖူလုံစွာရရှိနေပြီဖြစ်ကြောင်းကွန်ဟိန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

ချိုသန်းညွှန့်