ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မောက်မယ်မြို့နယ် ပူးထိုကျေးရွာ၌ ရေပေးရေးလုပ်ငန်းဆောင်ရွက်ခြင်းပြီးစီးမှု စစ်ဆေး

Date : 25 March 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပူးထိုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက  တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းနှင့် တာဝန်ရှိသူများက ကျေးရွာ ကော်မတီဝင်များနှင့်အတူ ပူးထိုကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေး ပြောကြားသည်။ မောက်မယ်မြို့နယ် ပူးထိုကျေးရွာ၌ ရေသန့်စင်စက်ဝယ်ယူခြင်း ၊ ဆိုလာအမြှင့်တင်ခြင်း ၊ ရေထွက်မှ အုတ်ရေကန်ထိ အရှည်ပေ ၁၂၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ် ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ၄.၃ သန်း ၊ စုစုပေါင်း ငွေကျပ် ၁၉.၃ သန်း အသုံးပြု၍ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု ၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးလက်နေပြည်သူများကိုယ်တိုင် ဇန်နဝါရီလ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သောကြောင့်  ပူးထိုကျေးရွာ နေပြည်သူများအတွက် သန့်ရှင်းသောသောက်သုံးရေဖူလုံစွာအသုံးပြုနိုင်ပြီဖြစ်ကြောင်း မောက်မယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းက ပြောပြ၍ သိရသည်။

 

အေးသူ