ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မိုင်းရှူးမြို့နယ် နားစံကျေးရွာအုပ်စု၊ဝမ်နောင်ကျေးရွာ၌ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား

Date : 25 March 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးမြို့နယ် နားစံကျေးရွာအုပ်စု၊ဝမ်နောင်ကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဇန်နဝါရီ၊၃ရက်က ကျင်းပရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးဦးမင်းဦးက ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဝမ်နောင်ကျေးရွာရပ်မိရပ်ဖ ဦးခမ်းလှက ကျေးဇူးတင်စကားပြောကြားပြီး ကွန်ကရစ်လမ်းသစ်ကို အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်ညိုမင်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမောင်မောင်လွင်၊ခရိုင်ဦးစီးမှူးဦးဇေယျာမင်းနှင့် မြို့မိမြို့ဖဦးစိုင်းခွန်လှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။အဆိုပါ ကွန်ကရစ်လမ်းကို ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ်(၁၅)သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းအရှည်ပေ ၅၀၀ပေပေ၂ပေ၊၆လက်မရှိကြောင်း သိရသည်။ 

မြို့နယ်(ပြန်ဆက်)