ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

လဲချားမြို့နယ် နောင်မွန်းကျေးရွာ၌ သဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး

Date : 25 March 2024

လဲချား ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လဲချားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် နောင်မွန်းကျေးရွာ၌ ကျေးရွာတွင်း သဲဗြုန်း လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လဲချားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ နောင်မွန်းကျေးရွာ၌ ကျေးရွာတွင်း သဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လမ်းရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် အကျိုးရှိစွာ အသုံးပြုကြရန်မှာကြားသည်။ လဲချားမြို့နယ် နောင်မွန်းကျေးရွာ၌ အရှည် ၉၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၃ လက်မ ရှိ ကျေးရွာတွင်းလမ်း ကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် ၁၅ သန်းအသုံးပြု၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၃ ခုနှစ် သြဂုတ် လ စတုတ္ထပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ နောင်မွန်းကျေးရွာနေပြည်သူများ သွားလာရေးအဆင်ပြေလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းထံမှ သိရသည်။