ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

လွိုင်လင်မြို့နယ်၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုစစ်ဆေး

Date : 25 March 2024

လွိုင်လင် မတ်လ ၂၄ ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ကွပ်ကဲမှုအောက်ရှိ လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ  လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလွယ်ကူပြီး ရာသီမရွေးသွားလာနိုင်ရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ဆင်တောင်ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် လွိုင်လင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီမှူး ဦးသန်းနိုင်၊ စီမံကိန်းတာဝန်ခံနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ဆင်တောင်ကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီးသော ကွန်ကရစ်လမ်းအား ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

ဆင်တောင်ကျေးရွာရှိ အဆိုပါကွန်ကရစ်လမ်းသည် အရှည် ၇၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစိမံကိန်းပံ့ပိုးရန်ပုံငွေကျပ်(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၀ ဒဿမ ၈၇၀)သန်း၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၅ ဒဿမ ၈၇၀)သန်းကို အသုံးပြုကာ ခရိုင်/ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် ဇန်နဝါရီလ တတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာရှိ အိမ်ခြေ (၆၇)၊ လူဦးရေ (၃၉၃)ဦးကို အကျိုးပြုနိုင်ခဲ့ကြောင်း လွိုင်လင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းနိုင်ထံမှ သိရသည်။

မောင်ခိုင်