ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဟိုပုံးမြို့နယ်၊ နောင်ခမ်းကျေးရွာ၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေး

Date : 25 March 2024

ဟိုပုံး  နိုဝင်ဘာလ   ၄ ရက်
============================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌‌ ရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊‌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ပေါင်းလင်းကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာ၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ‌ယနေ့နံနက်ပိုင်းက  တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟိုပုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်၊စီမံကိန်းတာဝန်ခံ  နှင့်အင်ဂျင်နီယာဝန်ထမ်းများသည် နောင်ခမ်းကျေးရွာတွင် အလျား ၆၀ပေ၊ အနံ ၂၀ပေ၊အမြင့် ၁၈ ပေရှိ ဝန်ထမ်းအိမ်ယာဆောက်လုပ်ခြင်း နှင့် အလျား ၁၀ပေ၊အနံ ၈ပေ၊အမြင့် ၈ပေရှိ နှစ်ခန်းတွဲရေချိုခန်းဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုကို ကြည့်ရှု့စစ်ဆေးပြီးမြို့နယ်ဦးစီးမှူးက ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ လုပ်ငန်းများ စံချိန်စံညွှန်းနှင့် အညီပြီးစီးအောင် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

အဆိုပါလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် (၁၅)သန်း၊ပြည်သူထည့်ဝင်ငွေကျပ်(၈ ဒသမ ၄၇)သန်း၊စုစုပေါင်းရန်ပုံငွေကျပ်(၂၃ ဒသမ ၄၇)သန်း
ကို အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် စက်တင်ဘာလ ပထမအပတ် မှ စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး၏ (၈၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့် ထံမှ သတင်းရရှိသည်။