ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပင်းတယမြို့နယ်၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး

Date : 25 March 2024

ပင်းတယမြို့နယ်၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ် ( (တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ,၊ပင်းတယမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ တောင်ပေါ်ကြီးကျေးရွာအုပ်စု၊တောင်ပေါ်ကြီးကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။ ထိုသို့ကွင်းဆင်းရာ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်၊စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများသည် တောင်ပေါ်ကြီးကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ဂှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက  ကျေးရွာရှိ  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီဝင်များ၊ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများနှင့်တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး‌ရေး အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။ တောင်ပေါ်ကြီးကျေးရွာရှိ အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် ၇၀၀ပေ ၊အကျယ်၁၂ ပေ၊ ထု၆ လက်မရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်သန်း(၁၀၀)ကို အသုံးပြုကာ မြို့နယ်ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများ ကိုယ်တိုင် ယခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး၏ ၅၀ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ အကျိုးပြုအိမ်ခြေ(၄၀၂)အိမ်၊လူဦးရေ (၁၆၉၁)ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလွယ်ကူစေပြီး ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း ပင်းတယမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ထံမှ သိရသည်။       

ချိုသန်းညွှန့်(ကျေးလက်)

၁၂/ဗတထ(နိုင်)၀၄၃၄၁၃

အကြီးတန်းစာရေး

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၀၉-၇၈၄၅၇၉၀၉၃

chothannyunt9@gmail.com