ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မိုးနဲမြို့နယ်၌ VDPစီမံကိန်းလုပ်ငန်းများ လွှဲပြောင်းအပ်နှံပွဲကျင်းပခြင်း

Date : 25 March 2024

                မိုးနဲ ၂၀၂၄ခုနှစ်၊ မတ်လ (၂၂)ရက်

             သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊    ရှမ်းပြည်နယ်(တောင်ပိုင်း)၊  နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးငွေများဖြင့် ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများ သက်ဆိုင်ရာကျေးရွာများသို့ လုပ်ငန်းလွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန   အစည်းအဝေးခန်းမ၌    ကျင်းပခဲ့ကြောင်း သိရသည်။    အခမ်းအနားတွင်မိုးနဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    မြို့နယ်ဦးစီးမှူးဦးအာကာဖြိုးက  အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းတာဝန်ခံက စီမံကိန်းလုပ်ငန်းများ လွှဲပြောင်းအပ်နှံရခြင်း၏ ရည်ရွယ်ချက်များနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်း'ပြောကြားသည်။   ထို့နောက်မြို့နယ်ဦးစီးမှူးနှင့်တက်ရောက်လာကြသောဌာနဆိုင်ရာတာဝန်ရှိသူများက  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာ (၇)ရွာမှ ကော်မတှီဝင်များထံသို့ လုပ်ငန်းလွှဲပြောင်းမှတ်တမ်းလွှာများအား အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြရာ ကော်မတီဝင်များကိုယ်စားကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။  အဆိုပါကျေးရွာ (၇)ရွာတွင်   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဖြင့်    ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၅)ခု၊ ကျေးလက်ရေရရှိရေး ရေလုပ်ငန်း(၁)ခု နှင့် ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်း (၁)ခု၊ စုစုပေါင်း လုပ်ငန်း (၇)ခုကို VDPပံ့ပိုးရန်ပုံငွေ ကျပ်(၁၀၅၀)သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၄၂၀)သိန်း၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၄၇၀)သိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးပြီဖြစ်၍     သက်ဆိုင်ရာကျေးရွာကော်မတီဝင်များထံသို့ လုပ်ငန်းများလွှဲပြောင်းအပ်နှံခြင်းဖြစ်ကြောင်း မိုးနဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအာကာဖြိုးထံမှ သိရသည်။